FAQ:
Dumex Dugro နဲ့ Dumex Dugro Sure ကို ဘယ်အရွယ် သောက်သုံးလို့ ရပါသလဲ?
Dumex Dugro ကို အသက် (၃) နှစ် အထက် ကလေးများအတွက် တိုက်ကျွေးနိုင်ပါသည်။
Dumex Dugro Sure ကို အသက် (၃)နှစ်မှ (၉) နှစ် ကလေးများအတွက် တိုက်ကျွေးနိုင်ပါသည်။
Dumex Dugro မှာ ပါဝင်သောအာဟာရဓါတ်များနှင့် အကျိုးကျေးဇူးကို ဖော်ပြပေးပါ
Dumex Dugro ဖော်မြူလာသည် သံဓာတ်စုပ်ယူမှုကို သုံးဆထိ ပံ့ပိုးပေးနိုင်ပြီး WHO မှ အကြံပြုထားသော Vitamin C နှင့် သံဓာတ်၏ အချိုးအစားအတိုင်း ကလေးများ၏ပြီးပြည့်စုံသော ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ပေးနိုင်တဲ့အတွက် Danone ၏ကတိနဲ့အညီ ကလေးများတွင် ဖြစ်ပွားနေသော သံဓာတ်ချို့တဲ့မှုကို တိုက်ဖျက်နိုင်ရန် ရည်ရွယ်ပါသည်။
- သံဓာတ် (အိုင်ရင်း) နှင့်ဗီတာမင် C သည် ကြံ့ခိုင်သော ကိုယ်ခံစွမ်းအား ဖြစ်စေရန် ကူညီထောက်ပံ့ပေးသည်။
- DHA* သည် ဦးနှောက်နှင့် အမြင်အာရုံဖွံဖြိုးတိုးတက်မှုအတွက် အရေးကြီးသောအခြေခံအုတ်မြစ်ဖြစ်သည်။ (*ကလေးအသက် ၃ နှစ်အထိ အရေးပါသောဓါတ်ဖြစ်သည်။)
- Omega 3,6 နှင့် Taurine* သည် ကလေးများ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် ကူညီထောက်ပံ့ပေးသည်။ (*ကလေးအသက် ၆ နှစ်အထိ အရေးပါသောဓါတ်ဖြစ်သည်။)
- ဗီတာမင်နှင့်သတ္တုဓာတ် (၁၇) မျိုး နှင့် အသားဓါတ် (ပရိုတင်း) သည် ကလေးများ ပုံမှန်ကြီးထွားဖွံ့ဖြိုးဖို့အတွက် ကူညီထောက်ပံ့ပေးသည်။* (*မျှတသောအစားအစာများနှင့်အတူ)
- အမျှင်ဓါတ် (၂)မျိုး (lcFOS နှင့် အင်နူလင်) သည်ကျန်းမာသော အစာချေစနစ်ဖြစ်စေရန် ကူညီပေးသည့် Bifidus ဘက်တီးရီးယားများ တိုးပွားစေရန် အားပေးသည်။
- Calcium နှင့် Vitamin D3 သည် ကြံ့ခိုင်သောအရိုးနှင့် သွားများဖြစ်စေရန် ကူညီထောက်ပံ့ပေးသည်။
Dumex Dugro Sure မှာ ပါဝင်သောအာဟာရဓါတ်များနှင့် အကျိုးကျေးဇူးကို ဖော်ပြပေးပါ
Dumex Dugro Sure တွင် သိပ္ပံနည်းကျ ဖော်စပ်ထုတ်လုပ်ထားသည့် ပြည့်စုံမျှတသောအာဟာရနှင့် အရေးကြီးသော အာဟာရဓါတ်(၃၃)မျိုးတို့ပါဝင်သောကြောင့် ကလေးများ၏ ကြီးထွားမှုကိုထောက်ပံ့ပေးသည်။
Dumex Dugro Sure တွင်
- လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် စွမ်းအင် 1kcal/ml နှင့် လက်တို့(စ်)၊ ၁၀၀% နွားနို့ မှရရှိသော ပရိုတင်း BCAA* (*Brached chain amino acid (leucine, iso-leucine, valine)၊ မြင့်မားသော ကယ်(လ်)စီယမ်၊ အိုင်ရင်း (သံဓါတ်)၊ ဗီတာမင် D နှင့် ဇင့်
- ဦးနှောက်ဖွံ့ဖြိုးမှုအတွက် DHA 70.8 mg/100g နှင့် Omega 3,6,9
- ကျန်းမာသောအစာချေစနစ်အတွက် Prebiotic အမျှင်ဓါတ် (အင်နူလင် နှင့် lcFos)
- ကြံ့ခိုင်သောကိုယ်ခံစွမ်းအားအတွက် မြင့်မားသော အိုင်ရင်း (သံဓါတ်) နှင့် ဗီတာမင် စီ တို့ ပါဝင်ပါသည်၊
Dumex Dugro ကို ဘယ်လို မှန်ကန်စွာ ဖျော်စပ်ရမလဲ?
ဘူးခွံပေါ်တွင် ဖော်ပြထားသော ဖျော်စပ်ရန်ပြင်ဆင်ခြင်း ခေါင်းစဉ်အောက်ရှိ ဖျော်စပ်နည်း အဆင့်ဆင့်အတိုင်း ပြင်ဆင်ပါ။ Dumex Dugro (4) ဖော်စပ်စာ စားပွဲတင်ဇွန်း (၆)ဇွန်း (၄၃ ဂရမ်) ကို ဆူပွက်ပြီး အအေးခံထားသော ရေကြက်သီးနွေးတစ်ဖန်ခွက် (၂၂၀)မီလီမီတာထဲ ထည့်ပါ။ အချိုးအစားများကို ဆေးဘက်ဆိုင်ရာအကြံပေးချက်ဖြင့်သာ ပြောင်းလဲနိုင်ပါသည်။ စံနှုန်းအတိုင်းမဖျော်စပ်ပါက သင့်ကလေး၏ ကျန်းမာရေးကို ထိခိုက်နိုင်သည်။ သေချာစွာ မွှေ၍ ဖျော်စပ်ပြီးမှ သောက်သုံးပါ။ ဖော်စပ်ရာတွင် တစ်ကြိမ်တိုက်ကျွေးရန်အတွက်သာ ပြင်ဆင်ပါ။
Dumex Dugro Sure ကို ဘယ်လို မှန်ကန်စွာ ဖျော်စပ်ရမလဲ?
ဘူးခွံပေါ်တွင် ဖော်ပြထားသော ဖျော်စပ်ရန်ပြင်ဆင်ခြင်း ခေါင်းစဉ်အောက်ရှိ ဖျော်စပ်နည်း အဆင့်ဆင့်အတိုင်း ပြင်ဆင်ပါ။ Dumex Dugro Sure နို့မှုန့် (၆) ဇွန်း (၄၅ ဂရမ်) ကို ဆူပွက်ပြီး အအေးခံထားသော ရေကြက်သီးနွေးတစ်ဖန်ခွက် (၁၈၀)မီလီမီတာထဲ ထည့်ပါ။ အချိုးအစားများကို ဆေးဘက်ဆိုင်ရာအကြံပေးချက်ဖြင့်သာ ပြောင်းလဲနိုင်ပါသည်။ စံနှုန်းအတိုင်းမဖျော်စပ်ပါက သင့်ကလေး၏ ကျန်းမာရေးကို ထိခိုက်နိုင်သည်။ သေချာစွာ မွှေ၍ ဖျော်စပ်ပြီးမှ သောက်သုံးပါ။ ဖော်စပ်ရာတွင် တစ်ကြိမ်တိုက်ကျွေးရန်အတွက်သာ ပြင်ဆင်ပါ။ မစားသုံးဖြစ်သောအစားအစာအား စွန့်ပစ်ပါ။ ပူးတွဲပါရှိသော ဇွန်းကိုသာ အသုံးပြု၍ ချိန်တွယ်ပါ။
DHA ဆိုတာ ဘာလဲ?
DHA မှာ အိုမီဂါ (၃) ဖက်တီးအက်စစ်ဖြစ်ပြီး ကလေး၏ ဦးနှောက်နှင့် အမြင်အာရုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော အခြေခံအုတ်မြစ်ဖြစ်သည်။ ကလေး အသက် (၃)နှစ်အရွယ်အထိ အကျုံးဝင်သည်။
Inulin ဆိုတာ ဘာလဲ?
ကျန်းမာသော အစာခြေစနစ် ဖြစ်စေရန် ကူညီထိန်းသိမ်းပေးသည့် အမျှင်ဓာတ်တစ်မျိုးဖြစ်သည်။
lcFOS ဆိုတာ ဘာလဲ?
lcFOS ဆိုတာ long chain fructo-oligosaccharides လို့ခေါ်တဲ့ ကျန်းမာသော အစာခြေစနစ် ဖြစ်စေရန် ကူညီထိန်းသိမ်းပေးသည့် အမျှင်ဓာတ်တစ်မျိုးဖြစ်သည်။
Dual Fibre ဆိုတာ ဘာလဲ?
ကောင်းမွန်သော အစာခြေစနစ်ကို ကူညီထောက်ပံ့ပေးသည့်** အမျှင်ဓာတ်နှစ်မျိုး lcFOS နှင့် အင်နူလင် ဖြစ်သည်။(**ကျန်းမာသော အစာခြေစနစ်ဖြစ်စေရန် ကူညီပေးသည့် ကောင်းမွန်သော Bifidus ဘတ်တီးရီးယားများ ကြီးထွားစေရန် အားပေးသည်
သံဓာတ်ဆိုတာ ဘာလဲ?
သံဓာတ်သည် တွေးတောဆင်ခြင်နိုင်စွမ်းရည်ဖွံ့ဖြိုးမှုကို ကူညီထောက်ပံ့ပေးသည့် သတ္တုဓာတ်တစ်မျိုးဖြစ်သည်။ ထို့ပြင် ဟေမိုဂလိုဘင်ဖြစ်ပေါ်ခြင်းအတွက် အဓိက လိုအပ်သည်။
(ဟေမိုဂလိုဘင် = ကိုယ်ခန္ဓာရှိ တစ်ရှူးများဆီသို့ အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးသော သွေးနီဥထဲရှိ သံဓာတ်ပါသည့် ပရိုတင်း)
Dumex Dugro နဲ့ Dumex Dugro Sure မှာ သကြားဘယ်လောက်ပါဝင်လဲ?
Dumex Dugro နဲ့ Dumex Dugro Sure မှာ သကြားဓါတ်တစ်မျိုးဖြစ်တဲ့ lactose ပါဝင်ပါတယ်။ lactose မှာ နို့တွေထဲမှာ တွေ့ရတတ်တဲ့ သကြားဓါတ်ဖြစ်ပါသည်။ Dumex Dugro နဲ့ Dumex Dugro Sure မှာ ထပ်လောင်းသကြားဓါတ် (Sucrose) ထပ်ဖြည့်ထားခြင်းမရှိပါဘူး။
Dumex Dugro နဲ့ Dumex Dugro Sure ၏ အသားတင်အလေးချိန် ဘယ်လောက်ပါလဲ?
Dumex Dugro နဲ့ Dumex Dugro Sure တွင် ၆၀၀ ဂရမ် အသားတင်အလေးချိန်ရှိသော စက္ကူဘူး အမျိုးအစားရှိပါသည်။
Dumex Dugro နဲ့ Dumex Dugro Sure ရဲ့ တစ်နေ့တာ နို့တိုက်ကျွေးရန် အကြံပြုချက်ကို သိပါရစေ။
Dumex Dugro ကို အသက် (၃)နှစ် အထက် ကလေးများအတွက် တစ်နေ့ (၂)ခွက် တိုက်ကျွေးနိုင်ပါသည်။
Dumex Dugro Sure ကို အသက် (၃)နှစ် မှ (၉)နှစ်အထိ ကလေးများအတွက် တစ်နေ့ (၃)ခွက် တိုက်ကျွေးနိုင်ပါသည်။
Dumex Dugro နဲ့ Dumex Dugro Sure ကို မှန်ကန်စွာ ဘယ်လို သိမ်းဆည်းရမည်နည်း?
နို့မှုန့်ထုပ်၏ အောက်ခြေတွင်ပါဝင်သော သက်တမ်းကုန်ဆုံးရက် မတိုင်မီ အသုံးပြုပါ။ နို့မှုန့်ထုပ်ကို မဖွင့်မီ နှင့် ဖွင့်ပြီး အသုံးပြုနေစဉ်တွင် အေးမြ ခြောက်သွေ့သောနေရာတွင် သိမ်းဆည်းပါ။ နို့မှုန့်များကို အခြားထည့်စရာဘူးထဲသို့ ပြောင်းထည့်ခြင်းမပြုရ။ နို့မှုန့်ကို အကောင်းဆုံးအနေအထား၌ထားရှိရန် အသုံးပြုပြီးနောက်တွင် အတွင်းပိုင်းအိတ်ကို လုံလုံခြုံခြုံခေါက်၍ အိတ်ကိုလေလုံသောဘူးထဲတွင် ထည့်ထားပါ။ လတ်ဆတ်မှုကို သေချာစေရန်အတွက် နို့မှုန့်ကို သက်တမ်းကုန်ဆုံးရက် မတိုင်မီနှင့် ဖွင့်ပြီး (၃)ပတ်အတွင်း၌ အသုံးပြုပါ။
ယခုတိုက်ကျွေးနေသော နို့မှုန့်မှ Dumex Dugro ကို ဘယ်လို ပြောင်းလဲတိုက်ကျွေးရမည်ကို သိလိုပါသည်
အောက်တွင် ဖော်ပြထားသော နို့မှုန့်ပြောင်းလဲတိုက်ကျွေးခြင်းဇယားအတိုင်း သေချာလိုက်နာပြီး ပြောင်းလဲ တိုက်ကျွေးနိုင်ပါသည်။အသေးစိတ်သိရှိလိုပါက ကျွန်ုပ်တို့ careline 09977776666 ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ဒါ့အပြင် သင့်ကလေးအတွက် အကောင်းဆုံး အကြံဉာဏ်များ ပေးနိုင်မည့် HCP/ဆရာဝန် နှင့်တိုင်ပင်ဆွေးနွေးရန်ကျွန်ုပ်တို့အကြံပြုပါသည်။
Dugro Instructions
ယခုတိုက်ကျွေးနေသော နို့မှုန့်မှ Dumex Dugro Sure ကို ဘယ်လို ပြောင်းလဲတိုက်ကျွေးရမည်ကို သိလိုပါသည်
အောက်တွင် ဖော်ပြထားသော နို့မှုန့်ပြောင်းလဲတိုက်ကျွေးခြင်းဇယားအတိုင်း သေချာလိုက်နာပြီး ပြောင်းလဲ တိုက်ကျွေးနိုင်ပါသည်။အသေးစိတ်သိရှိလိုပါက ကျွန်ုပ်တို့ careline 09977776666 ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ဒါ့အပြင် သင့်ကလေးအတွက် အကောင်းဆုံး အကြံဉာဏ်များ ပေးနိုင်မည့် HCP/ဆရာဝန် နှင့်တိုင်ပင်ဆွေးနွေးရန်ကျွန်ုပ်တို့အကြံပြုပါသည်။
Dugro Sure Instructions
နို့ဖျော်ပြီးတဲ့နောက် အခန်းအပူချိန်တွင် ဘယ်လောက်ကြာကြာထားနိုင်ပါလဲ?
ဖျော်စပ်ရာတွင် တစ်ကြိမ်တိုက်ကျွေးရန်အတွက်သာ ပြင်ဆင်ပါ။ ကျန်ရှိသော နို့ (သို့) ဖျော်စပ်ပြီးနောက် (၂)နာရီ အတွင်း မစားသုံးဖြစ်သော နို့များကို စွန့်ပစ်ပါ။
သောက်သုံးပြီး လက်ကျန်ဖြစ်နေသောနို့များကို နောက်တကြိမ် ဆက်လက်တိုက်ကျွေးလို့ရပါသလား?
သောက်သုံးပြီး လက်ကျန်ဖြစ်နေသောနို့များကို စွန့်ပစ်ပေးပါ။ နောက်ဆုံး သောက်သုံးပြီးခဲ့ချိန်တွင် ဘက်တရီးယားပိုးမွှားပေါက်ပွားနိုင်ခြေရှိပြီး ကလေးကို ဖျားနာစေတတ်ပါသည်။

Important Notice
မိခင်နို့သည် ကလေးအတွက် အကောင်းဆုံး ဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ ကလေးအသက် (၆)လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးရန် ညွှန်ကြားထားပါသည်။ အချိန်မတိုင်ဘဲ ဖြည့်စွက်စာကျွေးခြင်း၊ နို့ဘူးဖြည့်စွက်တိုက်ကျွေးခြင်းသည် မိခင်နို့တိုက်ကျွေးခြင်းအပေါ် အနှောင့်အယှက် ဖြစ်စေနိုင်ပါသည်။ ကလေးအသက် (၆)လပြည့်ပြီးချိန်မှစ၍ အခြားအစားအသောက်များပါ ဖြည့်စွက်ကျွေးရန်လိုပြီး၊ မိခင်နို့ကို ကလေးအသက် (၂)နှစ် (သို့) (၂)နှစ်ကျော်သည်အထိ ဆက်လက်တိုက်ကျွေးရပါမည်။ မိခင်နို့တိုက်ကျွေးရန် အခက်အခဲရှိ၍ နို့မှုန့်တိုက်ကျွေးလိုပါက အကောင်းဆုံး အကြံဉာဏ်ပေးနိုင်မည့် ဆရာဝန်နှင့်တိုင်ပင်ဖို့ အကြံပေးပါရစေ။
သံဓာတ်ချို့တဲ့နိုင်ခြေစစ်ဆေးခြင်း
ကြီးထွားဖွံ့ဖြိုးမှုနှုန်းစစ်ဆေးခြင်း​​
Careline
Messenger

သံဓာတ်ချို့တဲ့နိုင်ခြေ
စစ်ဆေးခြင်း

ကြီးထွားဖွံ့ဖြိုးမှုနှုန်း​
စစ်ဆေးခြင်း

Careline

Messenger

သံဓာတ်ချို့တဲ့နိုင်ခြေစစ်ဆေးခြင်း

သံဓာတ်ချို့တဲ့နိုင်ခြေစစ်ဆေးခြင်း

ကြီးထွားဖွံ့ဖြိုးမှုနှုန်းစစ်ဆေးခြင်း​​

ကြီးထွားဖွံ့ဖြိုးမှုနှုန်းစစ်ဆေးခြင်း​​

Careline

Careline

Messenger

Messenger