FAQ:
Dumex Dugro ကို ဘယ်အရွယ် သောက်သုံးလို့ ရပါသလဲ?
အသက် (၂)နှစ် အထက် မှ (၉)နှစ် အထိ ကလေးများ
Dumex Dugro Pro-gress Maxx မှာ ပါဝင်သောပစ္စည်းများကို ဖော်ပြပေးပါ?
Dumex Dugro Pro-gress Maxx မှာ
ယခင် ဖော်မြူလာထက် ၇၅% ပိုများသော DHA၊
အမျှင်ဓာတ်နှစ်မျိုး၊
ဗီတာမင်နှင့် သတ္တုဓာတ် ၁၇မျိုး၊
မြင့်မားသော ဗီတာမင် အေ, စီ နှင့် အီး၊
မြင့်မားသော သံဓာတ် စသော အာဟာရဓါတ်တွေ ပါဝင်ပါသည်။
Dumex Dugro ရဲ့ ဖော်မြူလာအသစ်ဆိုတာ ဘာလဲ?
Dumex Dugroရဲ့ ဖော်မြူလာအသစ် Pro-gress Maxx တွင်
ယခင် ဖော်မြူလာထက် ၇၅% ပိုများသော DHA၊
အမျှင်ဓာတ်နှစ်မျိုး၊
ဗီတာမင်နှင့် သတ္တုဓာတ် ၁၇မျိုး၊
မြင့်မားသော ဗီတာမင် အေ, စီ နှင့် အီး၊
မြင့်မားသော သံဓာတ် စသော သင့်ကလေး၏ အဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်မှုကို ကူညီထောက်ပံ့ပေးသည့်
ကောင်းမွန်သော အာဟာရဓါတ်တွေ ပါဝင်ပါသည်။
DHA ဆိုတာ ဘာလဲ?
DHA မှာ အိုမီဂါ (၃) ဖက်တီးအက်စစ်ဖြစ်ပြီး ကလေး၏ ဦးနှောက်နှင့် အမြင်အာရုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော အခြေခံအုတ်မြစ်ဖြစ်သည်။ ကလေး အသက် (၃)နှစ်အရွယ်အထိ အကျုံးဝင်သည်။
Inulin ဆိုတာ ဘာလဲ?
ကျန်းမာသော အစာခြေစနစ် ဖြစ်စေရန် ကူညီထိန်းသိမ်းပေးသည့် အမျှင်ဓာတ်တစ်မျိုးဖြစ်သည်။
lcFOS ဆိုတာ ဘာလဲ?
lcFOS ဆိုတာ long chain fructo-oligosaccharides လို့ခေါ်တဲ့ ကျန်းမာသော အစာခြေစနစ် ဖြစ်စေရန် ကူညီထိန်းသိမ်းပေးသည့် အမျှင်ဓာတ်တစ်မျိုးဖြစ်သည်။
Dual Fibre ဆိုတာ ဘာလဲ?
ကောင်းမွန်သော အစာခြေစနစ်ကို ကူညီထောက်ပံ့ပေးသည့်** အမျှင်ဓာတ်နှစ်မျိုး lcFOS နှင့် အင်နူလင် ဖြစ်သည်။(**ကျန်းမာသော အစာခြေစနစ်ဖြစ်စေရန် ကူညီပေးသည့် ကောင်းမွန်သော Bifidus ဘတ်တီးရီးယားများ ကြီးထွားစေရန် အားပေးသည်။)
ဗီတာမင် အေ, စီ နှင့် အီး ဆိုတာ ဘာလဲ?
ဗီတာမင် အေ နှင့် စီ သည် ကိုယ်ခံစွမ်းအားစနစ်အတွက် အထောက်အကူပြုသည့် ဗီတာမင်အမျိုးအစား ဖြစ်ပါသည်။
Dumex Dugro Pro-gress Maxx တွင် မြင့်မားသော ဗီတာမင် အေ, စီ နှင့် အီး ပါဝင်ပါသည်။
သံဓာတ်ဆိုတာ ဘာလဲ?
သံဓာတ်သည် တွေးတောဆင်ခြင်နိုင်စွမ်းရည်ဖွံ့ဖြိုးမှုကို ကူညီထောက်ပံ့ပေးသည့် သတ္တုဓာတ်တစ်မျိုးဖြစ်သည်။ ထို့ပြင် ဟေမိုဂလိုဘင်ဖြစ်ပေါ်ခြင်းအတွက် အဓိက လိုအပ်သည်။
(ဟေမိုဂလိုဘင် = ကိုယ်ခန္ဓာရှိ တစ်ရှူးများဆီသို့ အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးသော သွေးနီဥထဲရှိ သံဓာတ်ပါသည့် ပရိုတင်း)
Dumex Dugro Pro-gress Maxx တွင် မြင့်မားသော သံဓါတ် ပါဝင်ပါသည်။ တစ်နေ့လျှင် Dumex Dugro Pro-gress Maxx နှစ်ခွက်သောက်သုံးခြင်းဖြင့် ကလေးများ၏ တစ်နေ့တာ လိုအပ်သော သံဓာတ်*ကို ကူညီဖြည့်ဆည်းနိုင်ပါသည်။
(*WHO/FAO. Vitamin and Mineral Requirements in Human Nutrition. Second Edition;2004)
Dumex Dugro မှာ သကြားဘယ်လောက်ပါဝင်လဲ?
Dumex Dugro မှာ သကြားဓါတ်တစ်မျိုးဖြစ်တဲ့ Lactose ပါဝင်ပါတယ်။ Lactose မှာ နို့တွေထဲမှာ တွေ့ရတတ်တဲ့ သကြားဓါတ်ဖြစ်ပါသည်။ Dumex Dugro မှာ ထပ်လောင်းသကြားဓါတ် (Sucrose) ထပ်ဖြည့်ထားခြင်းမရှိပါဘူး။
Dumex Dugro Pro-gress Maxx (သံဘူး) ကို ဘယ်လို မှန်ကန်စွာ ဖျော်စပ်ရမလဲ?
ဘူးခွံပေါ်တွင် ဖော်ပြထားသော ဖျော်စပ်ရန်ပြင်ဆင်ခြင်း ခေါင်းစဉ်အောက်ရှိ ဖျော်စပ်နည်း အဆင့်ဆင့်အတိုင်း ပြင်ဆင်ပါ။ Dumex Dugro (3) ဖွံ့ဖြိုးစကလေးဖော်စပ်စာ ဇွန်း (၃)ဇွန်း (၃၆ ဂရမ်) ကို အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ရှိသော ရေကြက်သီးနွေးတစ်ဖန်ခွက် (၁၉၅)မီလီမီတာထဲ ထည့်ပါ။ သေချာစွာ မွှေ၍ ဖျော်စပ်ပြီးမှ သောက်သုံးပါ။ ဖျော်စပ်ရာတွင် တစ်ကြိမ်တိုက်ကျွေးရန်အတွက်သာ ပြင်ဆင်ပါ။ မစားသုံးဖြစ်သော အစားအစာကို စွန့်ပစ်ပါ။
Dumex Dugro Pro-gress Maxx (စက္ကူဘူး) ကို ဘယ်လို မှန်ကန်စွာ ဖျော်စပ်ရမလဲ?
ဘူးခွံပေါ်တွင် ဖော်ပြထားသော ဖျော်စပ်ရန်ပြင်ဆင်ခြင်း ခေါင်းစဉ်အောက်ရှိ ဖျော်စပ်နည်း အဆင့်ဆင့်အတိုင်း ပြင်ဆင်ပါ။ Dumex Dugro (3) ဖွံ့ဖြိုးစကလေးဖော်စပ်စာ စားပွဲတင်ဇွန်း (၅)ဇွန်း (၃၆ ဂရမ်) ကို အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ရှိသော ရေကြက်သီးနွေးတစ်ဖန်ခွက် (၁၉၅)မီလီမီတာထဲ ထည့်ပါ။ သေချာစွာ မွှေ၍ ဖျော်စပ်ပြီးမှ သောက်သုံးပါ။ ဖော်စပ်ရာတွင် တစ်ကြိမ်တိုက်ကျွေးရန်အတွက်သာ ပြင်ဆင်ပါ။ မစားသုံးဖြစ်သော အစားအစာကို စွန့်ပစ်ပါ။
Dumex Dugro ၏ အသားတင်အလေးချိန် ဘယ်လောက်ပါလဲ?
Dumex Dugro တွင်၂၅၀ဂရမ် ၊ ၆၀၀ ဂရမ် နှင့် ၁၂၀၀ ဂရမ် အသားတင်အလေးချိန်ရှိသော စက္ကူဘူး အမျိုးအစားနှင့် ၈၀၀ ဂရမ် အသားတင်အလေးချိန်ရှိသော သံဘူး အမျိုးအစားများရှိပါသည်။
Dumex Dugro ရဲ့ တစ်နေ့တာ နို့တိုက်ကျွေးရန် အကြံပြုချက်ကို သိပါရစေ?
အသက် (၂)နှစ် အထက်မှ (၃)နှစ်အထိ ကလေးများကို Dumex Dugro တစ်နေ့ (၂)ခွက် မှ (၃)ခွက် တိုက်ကျွေးနိုင်ပါသည်။
အသက် (၄)နှစ် မှ (၉)နှစ်အထိ ကလေးများကို Dumex Dugro တစ်နေ့ (၂)ခွက် တိုက်ကျွေးနိုင်ပါသည်။
နို့ဖျော်ပြီးတဲ့နောက် အခန်းအပူချိန်တွင် ဘယ်လောက်ကြာကြာထားနိုင်ပါလဲ?
ဖျော်စပ်ရာတွင် တစ်ကြိမ်တိုက်ကျွေးရန်အတွက်သာ ပြင်ဆင်ပါ။ ကျန်ရှိသော နို့ (သို့) ဖျော်စပ်ပြီးနောက် (၂)နာရီ အတွင်း မစားသုံးဖြစ်သော နို့များကို စွန့်ပစ်ပါ။
သောက်သုံးပြီး လက်ကျန်ဖြစ်နေသောနို့များကို နောက်တကြိမ် ဆက်လက်တိုက်ကျွေးလို့ရပါသလား?
သောက်သုံးပြီး လက်ကျန်ဖြစ်နေသောနို့များကို စွန့်ပစ်ပေးပါ။ နောက်ဆုံး သောက်သုံးပြီးခဲ့ချိန်တွင် ဘက်တရီးယားပိုးမွှားပေါက်ပွားနိုင်ခြေရှိပြီး ကလေးကို ဖျားနာစေတတ်ပါသည်။
Dumex Dugro (စက္ကူဘူး) ကို မှန်ကန်စွာ ဘယ်လို သိမ်းဆည်းရမည်နည်း?
နို့မှုန့်ထုပ်၏ အောက်ခြေတွင်ပါဝင်သော သက်တမ်းကုန်ဆုံးရက် မတိုင်မီ အသုံးပြုပါ။ နို့မှုန့်ထုပ်ကို မဖွင့်မီ နှင့် ဖွင့်ပြီး အသုံးပြုနေစဉ်တွင် အေးမြ ခြောက်သွေ့သောနေရာတွင် သိမ်းဆည်းပါ။ နို့မှုန့်များကို အခြားထည့်စရာဘူးထဲသို့ ပြောင်းထည့်ခြင်းမပြုရ။ နို့မှုန့်ကို အကောင်းဆုံးအနေအထား၌ထားရှိရန် အသုံးပြုပြီးနောက်တွင် အတွင်းပိုင်းအိတ်ကို လုံလုံခြုံခြုံခေါက်၍ အိတ်ကိုလေလုံသောဘူးထဲတွင် ထည့်ထားပါ။ လတ်ဆတ်မှုကို သေချာစေရန်အတွက် နို့မှုန့်ကို သက်တမ်းကုန်ဆုံးရက် မတိုင်မီနှင့် ဖွင့်ပြီး (၃)ပတ်အတွင်း၌ အသုံးပြုပါ။
Dumex Dugro (သံဘူး) ကို မှန်ကန်စွာ ဘယ်လို သိမ်းဆည်းရမည်နည်း?
နို့မှုန့်ဘူး၏ အောက်ခြေတွင်ပါဝင်သော သက်တမ်းကုန်ဆုံးရက် မတိုင်မီ အသုံးပြုပါ။ နို့မှုန့်ဘူးကို မဖွင့်မီ နှင့် ဖွင့်ပြီး အသုံးပြုနေစဉ်တွင် အေးမြ ခြောက်သွေ့သောနေရာတွင် သိမ်းဆည်းပါ။ နို့မှုန့်ဘူးကို ဖွင့်ပြီးပါက ဘူးအဖုံးကို လေလုံအောင် တင်းကြပ်စွာ ပိတ်ပါ ။ လတ်ဆတ်မှုကို သေချာစေရန်အတွက် နို့မှုန့်ကို သက်တမ်းကုန်ဆုံးရက် မတိုင်မီနှင့် ဖွင့်ပြီး (၃)ပတ်အတွင်း၌ အသုံးပြုပါ။
အခုဘာလို့ Dumex Dugro ရဲ့ ဒီဇိုင်းထုပ်ပိုးမှု မတူတော့တာလဲ?
ဟုတ်ကဲ့ ပြောင်းလဲထားပါတယ်ရှင့်။
Danone Dumex အနေဖြင့် ကျွန်မတို့၏ ထုတ်ကုန်များကို တိုးတက်စေရန် အစဉ်အမြဲ အဆက်မပြတ် ရှာဖွေလျှက် ရှိပါတယ်ရှင့်။ ယခုပြောင်းလဲမှုသည် Danone Dumex ၏ စားသူံးသူများအား အရည်အသွေး မြင့်မားမှုနှင့်လုံခြုံစိတ်ချရမှုအား အပြည့်အ၀ ဝန်ဆောင်ပံ့ပိုးပေးရန် လုပ်ဆောင်နေခြင်းဖြစ်ပြီး ပိုမိုအဆင့်မြင့်ထားသော ဖော်မြူလာကို ထုတ်လုပ်မိတ်ဆက်လိုက်ပါတယ်။
ယခုတိုက်ကျွေးနေသော နို့မှုန့်မှ Dumex Dugro Pro-gress Maxx ကို ဘယ်လို ပြောင်းလဲတိုက်ကျွေးရမည်ကို သိလိုပါသည်။
နို့မှုန့် ပြောင်းလဲခြင်းနည်းလမ်းအတိုင်း ပြောင်းလဲတိုက်ကျွေးလို့ရပါတယ်။ (၁)ရက်မှ (၃)ရက် အတွင်း Dumex Dugro Pro-gress Maxx ကို တစ်ကြိမ်၊ လက်ရှိတိုက်ကျွေးနေသော နို့မှုန့်ကို နှစ်ကြိမ် တိုက်ပါ၊ (၄)ရက်မှ (၆)ရက်အတွင်း Dumex Dugro Pro-gress Maxx ကို နှစ်ကြိမ်၊ လက်ရှိတိုက်ကျွေးနေသော နို့မှုန့်ကို တစ်ကြိမ် တိုက်ပါ၊ (၇)ရက်မြောက် နေ့တွင် Dumex Dugro Pro-gress Maxx ကို အပြည့်အဝပြောင်းလဲတိုက်ကျွေးလို့ရပါပြီ။ အသေးစိတ်သိရှိလိုပါက ကျွန်ုပ်တို့ careline 09977776666 ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ဒါ့အပြင် သင့်ကလေးအတွက် အကောင်းဆုံး အကြံဉာဏ်များ ပေးနိုင်မည့် ဆရာဝန် နှင့်တိုင်ပင်ဆွေးနွေးရန် ကျွန်ုပ်တို့အကြံပြုပါသည်။
ဆိုင်မှာ ပစ္စည်းအသစ်ရော အဟောင်းရော တွေ့ရတယ်။ ဘယ်ပစ္စည်းကို ဝယ်ရမလဲ?
Danone Dumex အနေဖြင့် စားသုံးသူများအတွက် ကျွန်မတို့ ကုန်ပစ္စည်းများ၏ အရည်အသွေးမြင့်မားမှုနှင့် လုံခြုံစိတ်ချရမှုကို အဓိကထားပါသည်။ အရင်ပစ္စည်းရော ယခုပစ္စည်းအသစ်ကိုပါ သတ်မှတ်ထားသော သက်တမ်းကုန်ဆုံးရက်မတိုင်မီ စိတ်ချစွာ သုံးစွဲနိုင်ပါတယ်။ ဖော်မြူလာမတူသည့်အတွက် ပြောင်းလဲတိုက်ကျွေးမည့်ကာလတွင် နှစ်မျိုးလုံးကို ဝယ်ယူပြီး အရင်ဖော်မြူလာမှ ဖော်မြူလာအသစ်ကို တဖြည်းဖြည်းချင်း ပြောင်းလဲပါရန် အကြံပြုလိုပါသည်။ အသေးစိတ်သိရှိလိုပါက ကျွန်ုပ်တို့ careline 09977776666 ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Important Notice
မိခင်နို့သည် ကလေးအတွက် အကောင်းဆုံး ဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ ကလေးအသက် (၆)လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးရန် ညွှန်ကြားထားပါသည်။ အချိန်မတိုင်ဘဲ ဖြည့်စွက်စာကျွေးခြင်း၊ နို့ဘူးဖြည့်စွက်တိုက်ကျွေးခြင်းသည် မိခင်နို့တိုက်ကျွေးခြင်းအပေါ် အနှောင့်အယှက် ဖြစ်စေနိုင်ပါသည်။ ကလေးအသက် (၆)လပြည့်ပြီးချိန်မှစ၍ အခြားအစားအသောက်များပါ ဖြည့်စွက်ကျွေးရန်လိုပြီး၊ မိခင်နို့ကို ကလေးအသက် (၂)နှစ် (သို့) (၂)နှစ်ကျော်သည်အထိ ဆက်လက်တိုက်ကျွေးရပါမည်။ မိခင်နို့တိုက်ကျွေးရန် အခက်အခဲရှိ၍ နို့မှုန့်တိုက်ကျွေးလိုပါက အကောင်းဆုံး အကြံဉာဏ်ပေးနိုင်မည့် ဆရာဝန်နှင့်တိုင်ပင်ဖို့ အကြံပေးပါရစေ။