ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကလည်း ကလေးတွေအတွက် အရေးပါပါတယ်
မိမိကလေးကို အကောင်းဆုံး မကြီးပြင်းစေချင်တဲ့ မိဘ ဘယ်မှာ ရှိလိမ့်မလဲ။ ဒီတစ်ခေါက်တော့ ကလေးကို အကောင်းဆုံး ဂရုစိုက်ပေးချင်တဲ့ မေမေ ဖေဖေတို့ အတွက် ဗဟုသုတရမယ့်အချက်လေးတွေ ဝေမျှပေးချင်ပါတယ်။ ဖေဖေ မေမေတို့က ဘာကို သတိလက်လွတ် ဖြစ်နေတာလဲ? ကလေး တစ်ယောက် ဖွံ့ဖြိုးဖို့ဆိုရင် ဖေဖေ မေမေတို့ ဘာကိုအရင်ဆုံးပြေးမြင်မိလဲ? သန်သန်မာမာ ထွားထွားကြိုင်းကြိုင်းနဲ့ ပြေးလွှားဆော့ကစားနေတဲ့ ပုံရိပ်တွေကို ပြေးမြင်မိလိမ့်မယ်။ အဲဒီအတွက် အစားအသောက်ကို ကောင်းကောင်းကျွေးမယ်၊ အာဟာရ ပြည့်ဝအောင် ဂရုစိုက်မယ်။ ကလေးက ပိန်နေလား၊ ဝနေရဲ့လား ပုံမှန်ရော ထွားရဲ့လား ဆိုတာတွေကို သတိထားမယ်။ ဒါပေမယ့် ဘာကိုသတိလက်လွတ် ဖြစ်နေလဲဆိုတော့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကိုပဲ အရမ်းသတိထားဂရုစိုက်မိနေတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် ပြုစုပျိုးထောင်ရမှာတွေကိုတော့ မေ့နေတတ်တယ်။